(65) Basic Dhamma Questions That Every Buddhism Should Know

ဗုဒ္ဓဘာသာဝင်တိုင်း သိနားလည်ထားသင့်တဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ အခြေခံမေးခွန်းလေးတွေကို ကိုနေရွှေသွေးအောင် ကနေတဆင့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသထံ လျှောက်ထားမေးမြန်းတဲ့ ဗွီဒီယိုဖိုင်တွေ Youtube နဲ့ Facebook မှာ တွေ့မိကြမယ်ထင်ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း (၁၂) ပိုင်း ရှိပါတယ်။ ဒီလောက်နဲ့ ဗုဒ္ဓဘာသာဝင်တွေ သိနားလည်ထားသင့်တဲ့ အခြေခံဗုဒ္ဓဓမ္မသဘောတရားတွေ ကုန်ပြီ လားလို့လည်း မေးစရာရှိပါတယ်။ တကယ်က ဒီ(၁၂)ပိုင်းဟာ မဖြစ်မနေ သိထားသင့်တဲ့...

5 Books To Understand What The Buddha Taught

လက်ရှိ လုပ်ငန်းခွင်ဝင်ရတဲ့ အရွယ်ရောက်သွားတော့ အရင်ကလို အချိန်ပို/ကိုယ်ပိုင်ချိန်ဆိုတာ မရှိသလောက် ဖြစ်သွားတယ်။ အရင်ကျောင်းသားဘဝက ကိုယ်ပိုင်ချိန်များတော့ စာဖတ်ဖို့အတွက် စာအုပ်ရွေးစရာ သိပ်မလိုဘူး။ ကိုယ့်အနီးဝန်းကျင်က အလွယ်တကူ ရနိုင်သမျှ ဖတ်ခဲ့တာပဲ။ ဒါပေမယ့် ဘာသာပြန်ဝတ္ထုတွေ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ၊ သမိုင်းစာအုပ်တွေနဲ့ သိပ္ပံ/သုတေသနနဲ့ ဆိုင်တဲ့ စာအုပ်မျိုးတွေ ပိုဦးစားပေး ဖတ်ဖြစ်တယ်။ အခုတော့ အဲ့တာတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ ဘာသာရေးနဲ့...

SuttaCentral - Early Buddhist Texts And Modern Translations

ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့၊ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူတဲ့နေ့က အမှတ်တရအနေနဲ့မြတ်စွာဘုရားရှင်ရဲ့ ပိဋကတ်တော် ဘာသာပြန်ကျမ်းစာတွေရှိရာ ပုံမှန်ဖတ်နေကျ SuttaCentral ဆိုတဲ့ ဝက်ဘ်စာမျက်နှာတစ်ခု အကြောင်း ဘာသာပြန်ဗွီဒီယိုဖိုင်လေးတစ်ခု လုပ်ဖြစ်ခဲ့တယ်။ Photo - Suttacentral.net SuttaCentral ရဲ့ အားသာချက်က မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ပါဠိလို၊ အင်္ဂလိပ်လို၊ မြန်မာလို အစုံကြည့်လို့ရတယ်။ မြန်မာလို ဘာသာပြန်ကတော့ အစုံမရသေးဘူး။...

Anniversary Day of The Four Noble Truths

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ဝါဆိုလပြည့် ၁၅ ရက်၊ အင်္ဂါနေ့။ (ဓမ္မစကြာအခါတော်နေ့) ယူနီကုတ်စပြီး အတည်တကျ ဖြစ်လာတဲ့ ၂၀၀၉ - ၂၀၁၀ ဝန်းကျင် ကတည်းက ကိုယ့် Personal Blog ကို ဇော်ဂျီနဲ့ ရေးနေရာကနေ ယူနီကုတ်အဖြစ် ပြောင်းခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုချိန်ထိ ဇော်ဂျီကို မစွန့်ခွာနိုင်သေးဘူး။ အထူးသဖြင့်တော့ ဖေ့ဘုတ်သတင်း အများစုက ဇော်ဂျီနဲ့ ရေးကြတယ်။ ကိုယ်နဲ့ ခင်မင်ရင်းနှီးသူအများစုကလည်း ဇော်ဂျီနဲ့ပဲ အကျွမ်းတဝင်ရှိကြတယ်။...

Lifetime Record of AShin Ānanda

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် နယုန်လပြည့်ကျော် ၇ ရက်၊ တနင်္လာနေ့။ (အဖိတ်နေ့) ဒီစာအုပ်ကို မထင်မှတ်ပဲ ဖတ်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ ဘာကြောင့် "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကိုမှ ရွေးချယ်ခဲ့တာလဲဆိုရင် တစ်ချိန်က နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတစ်ခုကြောင့်လို့ ပြောရလိမ့်မယ်။ မှတ်မှတ်ရရ အဲ့ဒီ့ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုက အရှင်အာနန္ဒာရဲ့ "ပယ်လေးတန်၊ ပန်လေးပါး" ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ဖူးတယ်။ အဲ့ဒီ့ကတည်းကစပြီး အရှင်အာနန္ဒာဆိုတာ...

Acquiring Silas and Observing precepts

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် နယုန်လဆန်း ၈ ရက်၊ တနင်္ဂနွေနေ့။ (ဥပုသ်နေ့) သီလဆိုတာ ကျွန်တော်တို့အတွက်တော့ သိပ်မစိမ်းလှတဲ့ စကားလုံးပါ။ ဘာကြောင့်လည်းဆိုရင် ကျောင်းသားအရွယ်ကတည်းက ငါးပါးသီလဆိုတာ ကျောင်းမှာ ဘုရားရှိခိုးကြတိုင်း ရွတ်ကြရတယ်၊ အလှူပွဲအစရှိသည် သွားလို့ ရေစက်ချ အနုမောဓနာတရား နာဆိုရင်လည်း အနည်းဆုံးတော့ ငါးပါးသီလယူတာက ထိပ်ဆုံးက စလေ့ရှိတယ်။ အဲ့တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံးအတွက် ငါးပါးသီလဆိုတာ မစိမ်းဘူး။ ဒါပေမယ့်...

Interconnection Between Burmese Style Names And Buddhism

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လကွယ် ၁၅ ရက်၊ တနင်္ဂနွေနေ့။ ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်။ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင်အမည်ပေးစနစ်ကို လေ့လာကြည့်တဲ့အခါ အနောက်နိုင်ငံတွေနဲ့ မတူတဲ့အချက်က Patronymic လည်း မဟုတ်သလို Matronymic လည်း မဟုတ်တာ တွေ့ရတယ်။ ခုနောက်ပိုင်း သားသမီးတွေမှာတော့ မိဘတွေရဲ့ အစွဲအလန်းနဲ့ ယူဆချက်ပေါ် မူတည်ပြီး သားသမီးတွေ နာမည်မှာ အဖေ့နောက်ဆုံးနာမည် ဒါမှမဟုတ် အမေ့နာမည် တစ်လုံးစ နှစ်လုံးစ ပါလာကြတာတွေလည်း ရှိတယ်။...

Where Can I Download Dhamma Ebooks

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်။ တစ်ခါတစ်လေများ တွေးမိတယ်။ ကိုယ်တွေ ဒီဘက်ခေတ်မှာ လူပြန်ဖြစ်ခွင့်ရတာ သိပ်ကံကောင်းကြတာပဲလို့။ ဒီဘက်ခေတ်မှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေဆိုတာ လူတိုင်းလွယ်လင့်တကူ အသုံးပြုနိုင်တဲ့ အခြေအနေကို ရောက်ခဲ့ပြီ။ စာဖတ်ဖို့ဆိုရင်လည်း စာအုပ်အစားထိုး ဖတ်လို့ရနိုင်တဲ့ Ebooks တွေဆိုတာ ပေါပေါများများ ရှိလာပြီ။ ကျန်တဲ့စာအုပ်တွေသာ CopyRight ဘာညာနဲ့ တွင်တွင်အော်နေကြပေမယ့်...

Trying to Become a Devout Buddhist

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။ ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်။ ကျွန်တော် တစ်ချိန်က မိရိုးဖလာ ဗုဒ္ဓဘာသာပါ။ မိရိုးဖလာလို့ ဆိုပေမယ့် သာမန်မိရိုးဖလာထက်တော့ ကျွန်တော့်မိရိုးဖလာက နဲနဲလေးနက်သယောင်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော် အလှူဒါန လုပ်ရတာ စိတ်ရင်းထဲကကို နှစ်သက်တယ်။ ဘုရားဝတ်ပြုတာ၊ ပရိတ်/ပဋ္ဌာန်း/ဓမ္မစကြာရွတ်တယ်ဆိုတာတွေကလည်း နေ့တိုင်းပုံမှန်နီးပါးကိုရှိခဲ့တယ်။ အရင် အခြေအနေပေးခဲ့စဉ်တုန်းက...

Dhamma Review

ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ် သာသနာနှစ် ၂၅၆၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့ ၂၀၁၉ ခုနှစ် မေလ ၂၀ ရက်။ အင်တာနက် စာမျက်နှာတွေပေါ်မှာဖြစ်ဖြစ် လူမှုကွန်ယက် စာမျက်နှာ တွေပေါ်မှာ ဖြစ်ဖြစ် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဝအောင်မြင် တိုးတက်ရေးနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်တွေအပေါ် သုံးသပ်ချက်ပေးတဲ့ Blog တွေ အတော်များများ ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဖတ်လည်းဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဓမ္မစာပေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်၊ အညွှန်းစာရေးတဲ့...

Full Moon Day of KaSone

ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့။ သာသာနာနှစ် ၂၅၆၃ ခုနှစ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ ဒီနေ့ဆိုရင် ၂၅၆၃ နှစ် ပြည့်ခဲ့ပြီ။ ဒီနေရာမှာ မှတ်ထားသင့်တာ သက္ကရာဇ် (၅) မျိုးရှိပါတယ်။ (၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နဲ့ တိုင်ပင်ပြီး သူ့လက်ထက်မှာ ရောက်ဆဲဖြစ်တဲ့ သက္ကရာဇ် (၈၆၄၅) ခုကို အဲ့ဒီနှစ် တပေါင်းလကွယ်...